တောင်ငူမြို့၊ ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ(၂၅) ရက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှု၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ Mask and Face Shield မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်ကို ဆောင်ရွက်လျက်ရှိပါသည်။
%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=25-11-20_Taunggoo.jpg)
တောင်ငူမြို့နယ်တွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် (၂၄-၁၁-၂၀၂၀)ရက်နေ့ နံနက်ပိုင်း အချိန်၌ ကားဂိတ်များ၊ လမ်းဆုံ လမ်းခွများနှင့် လူစည်ကားရာနေရာများ၊ ဈေးများ၊ မြို့အဝင်လမ်းတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီး ဌာနနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့ဖြင့် Mask and Face Shield Campaign ပြုလုပ်ခဲ့ပါသည်။ အဆိုပါ လူထုလှုပ်ရှားမှုစီမံချက်တွင် COVID-19 ကူးစက်ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး ပညာပေးခြင်းကို Hand Held Speaker များဖြင့်လှည့်လည် အသိပေး ပြောကြားခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များပေးဝေခြင်း၊ လမ်းသွား လမ်းလာပြည်သူများ၊ ဈေးသို့လာရောက်သည့် ပြည်သူလူထုများကို Mask စနစ်တကျ တပ်ဆင်ရန် အသိပေးပြောကြားပြီး နှာခေါင်းစည်း Mask နှင့် မျက်နှာအကာ Face Shield တို့ကို ဝေငှခြင်းများ ပြုလုပ်ခဲ့ကြပါသည်။