ဖြူးမြို့၊ ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ(၂၅)ရက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ Mask and Face Shield မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်ကို ဆောင်ရွက်လျက်ရှိပါသည်။
%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=25-11-20_Phyu.jpg)
ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ ကညွတ်ကွင်းမြို့နှင့် ကျော်လှကျေးရွာအုပ်စုများတွင် (၂၄-၁၁-၂၀၂၀) ရက်နေ့ နံနက်ပိုင်း အချိန်၌ တစ်ချိန်တည်း တစ်ပြိုင်တည်း ဈေးများ၊ လမ်းဆုံ လမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး ပညာပေးခြင်းကို Hand Held Speaker များဖြင့်လှည့်လည် အသိပေးပြောကြားခြင်း၊ ကျန်းမာရေး အသိပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်း၊ လမ်းသွားလမ်းလာ ပြည်သူများ၊ ဈေးသို့လာ ရောက်သည့် ပြည်သူလူထုများကို Mask စနစ်တကျ တပ်ဆင်ရန် အသိပေးပြောကြားပြီး နှာခေါင်းစည်း Mask နှင့် မျက်နှာအကာ Face Shield တို့ကို ဝေငှခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါ လူထုလှုပ်ရှားစီမံချက်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ် ဦးစီးဌာနနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့ဖြင့် Mask and Face Shield Campaign ပြုလုပ်ခဲ့ပါသည်။