ဂွမြို့မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးနှင့် (Mask & Face Shield) များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဂွမြို့၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၅ ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှုအတိုင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ဂွမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများက COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းကို မြန်မာ့စီးပွားရေး ဘဏ်ခွဲတွင် ပင်စင်လာထုတ်သူများအား အသိပညာပေးခြင်းနှင့် (Mask & Face shield) များ အခမဲ့ဖြန့်ဝေပေးခဲ့ပါသည်။

More Tags