နမ့်စန်၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၅ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်တွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် တာဝန်ရှိသူများက နိုဝင်ဘာလ (၂၂) ရက်နေ့၊ နံနက် (၉) နာရီက မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာရေးဌာနမှ အမှုဆောင်အရာရှိ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့က စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များပြန်လည်ဖွင့်လှစ်ရာတွင် ပြင်ဆင်ထားရှိရမည့်အချက်များ၊ စားသောက်ဆိုင်ဝန်ထမ်းများနှင့် စားသုံးသူများ လိုက်နာရမည့်အချက်များနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို ဆိုင်ပိုင်ရှင်များ အသိပေးရှင်းလင်းပြောကြားခဲ့ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုတို့ကို စစ်ဆေးခဲ့ကြပါသည်။
နမ့်စန်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိအား ထပ်မံစစ်ဆေးသွားမည်ဖြစ်ပြီး သတ်မှတ်စည်းကမ်းနှင့်ကိုက်ညီသော ဆိုင်များကို မကြာမှီ ပြန်လည်ဖွင့်လှစ်ခွင့် ပြုသွားမည်ဖြစ်ပါသည်။
%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=25-11-2020_SHN(S)_SupervisionRestaurant.jpg)