ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်‌ကျေးရွာတွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေး (Mask & Face Shield)များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ‌ဆောင်ရွက်

ပုဏ္ဏားကျွန်း၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၅ ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုအတိုင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တို့၏ ဦးဆောင်မှုဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်တိုက်နယ်ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများက COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းကို ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ဈေးတွင် စျေးရောင်းသူများနှင့် စျေးဝယ်လာသူများအား Mask ၊ Face shield ဝတ်ဆင်ပြီး ရောင်းချ/ဝယ်ယူကြရန် အသိပညာပေးလှုပ်ရှားမှု ဆောင်ရွက်ခြင်း နှင့် Mask (500)၊ Face shield(100) ကို အခမဲ့ဖြန့်ဝေပေးခဲ့ပါသည်။

 
 

More Tags