တောင်ကုတ်မြို့တွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးနှင့် (Mask & Face Shield) များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

တောင်ကုတ်၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၅ ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုအတိုင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် တောင်ကုတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာမှ ဝန်ထမ်းများ၊ လူမှုရေးအဖွဲအစည်းများ ပူးပေါင်းပါဝင်ပြီး COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းကို တောင်ကုတ်မြို့ဂူတာဈေးတွင် စျေးရောင်းသူများနှင့် စျေးဝယ်လာသူများအား Mask ၊ Face shield ဝတ်ဆင်ပြီး ရောင်းချ/ဝယ်ယူကြရန် ယနေ့နံနက်ပိုင်းဈေးချိန်တွင် အသိပညာပေးလှုပ်ရှားမှုဆောင်ရွက်ခြင်းနှင့် Mask(3000)၊ Face shield(100)ကို အခမဲ့ဖြန့်ဝေ ပေးခဲ့ပါသည်။

More Tags