ဖောင်ကြီး Covid 19 ကုသရေးဌာနသို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြသော သူနာပြုဆရာမများအား ကြိုဆိုပွဲနှင့်အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ

လားရှိုးမြို့၊ (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၂၃) ရက်

     ရန်ကုန်(ဖောင်ကြီး) ကို‌ဗစ်ရောဂါကုသရေးဋ္ဌာနသို့ Volunteer အဖြစ်သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြသော လားရှိုးဆေးရုံကြီးမှ သူနာပြုဆရာမ(၅)ဦး Quarantine ဝင်ရောက်ခဲ့ပြီး ပိုးစစ်ဆေးချက် နှစ်ကြိမ်စလုံး ပိုးမတွေ့ရှိသည့်အတွက် အဆိုပါသူနာပြုဆရာမများအား ဂုဏ်ပြုနှုတ်ဆက်ပွဲကို (၂၃-၁၁-၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် လားရှိုးဆေးရုံတွင် လက်တွေ့လုပ်ဆောင်နေသော ရောဂါပိုးထိန်းချုပ်ရေးလုပ်ငန်းစဉ်များသည် ဖောင်ကြီးတွင် တာဝန်ထမ်းဆောင်ရာ၌ အထောက်အကူဖြစ်ပုံ၊ ဖောင်ကြီးတွင် ဆောင်ရွက်နေသော လုပ်ငန်းများအနက် လားရှိုးဆေးရုံကြီးတွင် လုပ်ဆောင်သင့်သော လုပ်ငန်းများအကြောင်း ဆွေးနွေးခြင်းအစီအစဉ်အား ဆက်လက်လုပ်ဆောင်ခဲ့ကြပါသည်။

More Tags