နမ့်စန်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၁ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေအိမ်ပြင်ပထွက်ခွာသူတိုင်း နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေး (Mask Campaign) လှုပ်ရှားမှုကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီ က မြို့လယ်မီးပွိုင့်လမ်းဆုံ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ကြပါသည်။
%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=21-11-20_Namsan_MskCam%20(1).jpg)
%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=21-11-20_Namsan_MskCam%20(2).jpg)
ထိုသို့လှုပ်ရှားဆောင်ရွက်မှုတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၊ လူထုကျန်းမာရေး လုပ်သားသင်တန်းသား သင်တန်းသူများနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက မြို့လယ်လမ်းမကြီးပေါ်တွင် နှာခေါင်းစည်းမပါဘဲ သွားလာနေကြသူများကို နေအိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး အသိပညာပေး ပြောကြားပြီး နှာခေါင်းစည်း (Mask) အခု(၁၀၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပါသည်။