လွိုင်လင်မြို့တွင် COVID-19 ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်

လွိုင်လင်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၄ ရက်
 

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် ကြက်ခြေနီတပ်ဖွဲ့ စေတနာ့ဝန်ထမ်းများနှင့်အတူ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ကို လွိုင်လင်ဈေးတွင် ဆောင်ရွက်သည်။

 

     အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ လိုက်နာကြရန် Hand Speaker ဖြင့် ဈေးအတွင်းသို့ လှည့်လည်အသိပညာပေးပြီး ဈေးသို့လာရောက်ရောင်းချသည့် ဈေးသည်များနှင့် ဈေးဝယ်များအား Mask အခု (၅၀၀၀) နှင့် Faceshield အခု (၅၀၀) အခမဲ့ဖြန့်ဝေပေးခဲ့ပါသည်။

More Tags