ကလေးမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေးဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Mask Campaign) ကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်

ကလေး၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၁ ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကလေးမြို့နယ်/ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့၏ဦးဆောင်မှုဖြင့် ကလေးမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာပေးလူထုလှုပ်ရှားမှုစီမံချက် (Mask Campaign) ကို (၁၉-၁၁.၂၀၂၀) ရက်နေ့ နံနက်ပိုင်းမှစတင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိပါသည်။
    
     COVID-19 ရောဂါ ဒေသတွင်းကူးစက်မှုလျော့နည်းစေရေးအတွက် ပြည်သူလူထုမှ ကာကွယ်ရေးနည်းလမ်းများကို အလေ့အကျင့်ဖြစ်စေရန်ရည်ရွယ်၍ လူစည်ကားရာနေရာများ ဖြစ်သော ကလေးမြို့၊ မြို့မစျေးရှေ့နှင့် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်၊ တာဟန်းစျေးနှင့် စိမ်းလန်းစျေးအတွင်းတွင် ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း၊  COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ အမူအကျင့်ကောင်းများကို လက်ကိုင်အသံချဲ့စက်များဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ အသိပညာပေးဆိုင်းဘုတ်များကိုင်ဆောင်၍ ပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

 

    အဆိုပါလူထုလှုပ်ရှားမှုစီမံချက်တွင် ကလေးမြို့နယ်/ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဝန်ထမ်းများ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြပါသည်။ ပြည်သူထူထုအတွင်း COVID-19 ရောဂါကာကွယ်ရေး အမူအကျင့်ကောင်းများ ဖြစ်လာစေရန် ယခုကဲ့သို့ (Mask Campaign) လှုပ်ရှားမှုများကို ကလေးမြို့ပေါ်ရှိလူစည်ကားသည့် အခြားနေရာများနှင့် ကျေးလက်ဒေသများတွင်လည်းဆက်လက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

More Tags