မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေးဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

မကွေး၊ ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ (၁၉)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှု၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၅) မြို့နယ်လုံးတွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ် ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ကို (၁၅-၁၁-၂၀၂၀) ရက်နေ့မှစတင်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

     လူစည်ကားရာနေရာများဖြစ်သော စျေးများ၊ ကုန်တိုက်များ၊ မြို့၀င်မြို့ထွက်စစ်ဆေးရေးဂိတ်များ၊ လမ်းဆုံလမ်းခွများနှင့် အခြားလူစုလူဝေးဖြင့် ရှိနေနိုင်သော နေရာများတွင် ပြည်သူ များအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်း၊ COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ အမူအကျင့်ကောင်းများကို လက်ကိုင်အသံချဲ့စက်များဖြင့် ကျန်းမာရေး အသိပညာ ပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

 
 

     အဆိုပါလူထုလှုပ်ရှားမှုစီမံချက်တွင် မြို့နယ်အသီးသီးရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ စည်ပင်သာယာရေးကော်မတီများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း စသည့်ဌာနဆိုင်ရာများ၊ အခြားလူမှုအဖွဲ့အစည်းများနှင့် စေတနာ့၀န်ထမ်းများ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြပါသည်။

     COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်ပြီး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်မှသာ စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများကို ပုံမှန်အနေအထား အတိုင်း အမြန်ဆုံး ပြန်လည်လုပ်ကိုင်လာနိုင်မည် ဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော် ပန်ကြားအပ်ပါသည်။

 
 

More Tags