လွိုင်ကော်မြို့အတွင်းရှိ ဈေးများတွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲဆက်သွယ်ပညာပေးလူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign) ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

လွိုင်ကော်မြို့၊ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် (၁၇-၁၁-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲ ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုအ​နေဖြင့် (Mask Campaign) ကို သီရိမင်္ဂလာဈေးကြီးနှင့် ​နောင်ယား​ဈေးများတွင် ဆောင်ရွက်ခဲ့ကြပါသည်။

 

     COVID-19 ရောဂါ ဒေသတွင်းကူးစက်မှု(Local Transmission) မရှိစေရေးအတွက် ပြည်သူလူထုက ကာကွယ်ရေးနည်းလမ်းများကို ပိုမိုအလေးပေး ဂရုစိုက်ပြီး အလေ့အကျင့်မှ အလေ့အထသို့ရောက်ရှိစေရန်ရည်ရွယ်၍ လူစုလူဝေးများပြားသည့် ဈေးများတွင် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါသည်။ ယင်းလှုပ်ရှားမှုတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနအစရှိသည့် နှီးနွယ်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြ ပါသည်။

 

 

     အဆိုပါပညာပေးလှုပ်ရှားမှုတွင် ဈေးဝယ်သူများနှင့် ဈေး​ရောင်းသူများအား ပါးစပ်နှင့် နှာခေါင်းစည်း(Mask) (၁၄၀၀)ခု ဝေငှပြီး စနစ်တကျတပ်ဆင်​စေခြင်း၊ အများလိုက်နာရမည့် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ အမူအကျင့်ကောင်းများကို အသိပညာပေး ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

 

More Tags