မွန်ပြည်နယ်အတွင်း Stay Home မြို့နယ်များဖြစ်သည့် မော်လမြိုင်မြို့နယ်နှင့် ဘီးလင်းမြို့နယ်တွင် မျက်နှာနှင့်နှာခေါင်းစည်း (Mask )မဖြစ်မနေတပ်ဆင်ရေးစီမံချက် ဆောင်ရွက်

မော်လမြိုင်မြို့၊၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၅) ရက်

     မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ပြီး ပြည်နယ်အတွင်း Stay at Home မြို့နယ်များဖြစ်သည့် မော်လမြိုင်မြို့နယ်၊ ဘီးလင်းမြို့နယ်တွင် နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်ပိုင်းတွင်ဈေးများ၌ မျက်နှာနှင့် နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်ရေးစီမံချက် (Mask Campaign) ပြုလုပ်ခဲ့ပါသည်။

 

     အဆိုပါ (Mask Campaign)တွင် ဈေးရောင်း၊ ဈေးဝယ်လာသူများ မျက်နှာနှင့် နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်ရေးနှင့် စနစ်တကျ တပ်ဆင်ရေးတို့အတွက် အသိပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း တပ်ဆင်းစေခြင်း၊မော်လမြိုင်မြို့ရှိ ဒိုင်းဝန်ကွင်းဈေးနှင့် မောင်ငံဈေးတို့တွင် မျက်နှာနှင့် နှာခေါင်းစည်း (Mask) ၃၀၀၀ခု၊ မျက်နှာအကာ (Face shield) ၃၀၀၀ခု၊ လက်သန့်ဆေးရည် (၁၀၀၀)ဗူးတို့ကို အခမဲ့ပေးဝေခြင်း၊ ဘီးလင်းမြို့ရှိ မင်္ဂလာဈေးတွင် မျက်နှာနှင့် နှာခေါင်းစည်း (Mask) ၅၀၀ခု၊ မျက်နှာအကာ ( Face shield ) ၁၀၀ခုတို့ကို အခမဲ့ပေးဝေခြင်း၊ လက်ကိုင်အသံချဲ့စက်ဖြင့် COVID 19 ရောဂါ ကာကွယ်ရေးနည်းလမ်းများ၊ ဆောင်ရန်ရှောင်ရန်နည်းလမ်းများကို အသိပညာပေးလှည့်လည်ဆော်အောခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။

 

     (Mask Campaign)ပြုလုပ်ရာ တွင် ပြည်နယ်/ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ အုပ်ချုပ်ရေးအဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ (Mask Campaign) ကို Stay at Home သတ်မှတ်ထားသော မြို့နယ်များ၌ ကျန်ရှိနေသော ဈေးများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

More Tags