ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (State Level Stakeholder Coordination Meeting) ကျင်းပပြုလုပ်

လွိုင်ကော်မြို့၊ ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာလ(၄)ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၄-၁၁-၂၀၂၀)ရက်နေ့၌ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းများ နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(State Level Stakeholder Coordination Meeting) ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ ဦးဆောင်၍ COVID-19 ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများ၊ အကျဉ်းထောင်များတွင် COVID-19 ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ၊ လာမည့်ရွေးကောက်ပွဲ တွင် မဲရုံများ၌ ကျန်းမာရေးဌာနမှ ဆောင်ရွက်မည့်လုပ်ငန်းများ၊ COVID-19 Relief Economic Plan (CREP) ဆောင်ရွက်မည့်လုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် အစည်းအဝးသို့ တက်ရောက်လာသည့် ကျန်းမာရေးဝန်ထမ်းများ၊ အဖွဲ့အစည်းများမှ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်တို့နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပါသည်။ တက်ရောက်လူသူများမှ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးကြပါသည်။ အခမ်းအနားသို့ ကျန်းမာရေး ဝန်ထမ်းများ၊ အဖွဲ့အစည်းများမှ တာဝန်ခံများ စုစုးပေါင်း (၃၆)ဦး တက်ရောက်ခဲ့ပါသည်။

 

 

More Tags