ရခိုင်ပြည်နယ် စစ်တွေမြို့တွင် HPV(သားအိမ်ခေါင်းကင်ဆာ)ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင်စတင်ထည့်သွင်း ထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

စစ်တွေမြို့၊ (၂၀၂၀)ပြည့်နှစ်၊ အောက်တိုဘာလ(၂၀)ရက်

     နေပြည်တော်၊ MICC(2)ခန်းမ၌ (၂၀-၁၀-၂၀၂၀)ရက်နေ့ နေ့လည်(၁)နာရီအချိန်က ကျင်းပပြုလုပ်သည့် HPV (သားအိမ်ခေါင်းကင်ဆာ) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနားကို Online Meeting System ဖြင့် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Human Papillomavirus (HPV)ကြောင့် ဖြစ်ပေါ်နိုင်သည့် အသက်အန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့် ကြိုတင်ကာကွယ်ဆေးထိုးခြင်း၏ ကောင်းကျိုးများကိုလည်းကောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV စတင်ထည့်သွင်း ထိုးနှံပေးရခြင်း၏ အကြောင်းအရင်းကိုလည်းကောင်း ပြောကြားခဲ့ပြီးနောက် ပညာပေးဗီဒီယိုမှတ်တမ်းအား ပြသခဲ့ပါသည်။

 


     အဆိုပါအခမ်းအနားသို့ နေပြည်တော်ဗဟိုကူးစက်ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်၊ ရခိုင်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင်၊ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ လက်‌ထောက်ညွှန်ကြား‌ရေးမှူးများ၊ အဖွဲ့ခေါင်းဆောင် ဆရာဝန်များ၊ INGOsများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။

 

More Tags