တိုင်းဒေသကြီးအဆင့် ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် HPV (သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး) စတင်ထည့်သွင်းခြင်း အသိပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပဲခူးမြို့၊ ၂၀၂၀ခုနှစ် ၊ အောက်တိုဘာလ(၁၉)ရက်

     ပဲခူးတိုင်းဒေသကြီး၌ ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် HPV (သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး)ကို စတင်ထည့်သွင်းခြင်း အသိပေးဆွေးနွေးပွဲကို (၁၉-၁၀-၂၀၂၀) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအသိပေး ဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကုသရေးဦးစီးဌာနမှ ဒုတိယဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်များ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ ကြပါသည်။ အသိပေးဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရန်နိုင်မောင်မှ ပဲခူးတိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးထိုးနှံမည့် လုပ်ငန်းအခြေအနေအား ရှင်းလင်း တင်ပြခဲ့ပါသည်။

 


     ထို့နောက် ပဲခူးတိုင်းဒေသကြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း/ကူးစက်ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းလှိုင်မှ HPV (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး) အသစ် ထည့်သွင်းရခြင်းအကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး နေ့လည်(၁၂)နာရီတွင် ဆွေးနွေးပွဲ ပြီးမြောက်ခဲ့ပါသည်။ ပုံမှန်ကာကွယ်ဆေးထိုး/ တိုက်အစီအစဉ်တွင် HPV (သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး) ကို စတင်ထည့်သွင်းခြင်း ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနားကို (၂၀-၁၀-၂၀၂၀)ရက်နေ့၊ နေ့လည်(၁)နာရီတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

 

 
 

More Tags