ပင်လောင်းမြို့နယ်တွင် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စတင်စစ်ဆေး

ပင်လောင်း၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၁၀) ရက်နေ့

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နေပြည်တော် ကောင်စီနယ်မြေမှ ပင်လောင်းမြို့နယ်အဝင် ပေါင်းလောင်းမြို့ စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Detection Test (RDT) ဖြင့် စစ်ဆေးနိုင်ရန် လိုအပ်သည့်လုပ်ငန်းများကို အောက်တိုဘာလ ၈ ရက်နေ့က ဆောင်ရွက်သည်။
     စစ်ဆေးရေးဂိတ်တွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခင်သိန်းထွေး၊ ပေါင်းလောင်းမြို့အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပေါင်းလောင်းမြို့ တိုက်နယ်ဆရာဝန် ဒေါက်တာအောင်နိုင်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကုန်တင်ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် ညွှန်ကြားချက်များအား အသိပညာပေး ဟောပြောခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ကြပါသည်။

More Tags