ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးအကြံပေး ပညာရှင်များနှင့် သုံးသပ်ဆွေးနွေးခြင်း Virtual Meeting ပြုလုပ်

စစ်တွေမြို့၊ (၂၀၂၀)ပြည့်နှစ်၊ အောက်တိုဘာလ(၈)ရက်

     ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ(၁) ၌(၂၀၂၀)ပြည့်နှစ်၊ အောက်တိုဘာလ(၈)ရက်နေ့၊ နေ့လည်(၂)နာရီအချိန်တွင် ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သုံးသပ်ဆွေးနွေးခြင်း Virtual Meeting ကို ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကြီးမှူး၍ ကျန်းမာရေးအကြံပေး ပညာရှင်များဖြစ်သည့် သမားတော်ကြီး (ညွှန်ကြားရေးမှူးချုပ်၊ငြိမ်း) ဒေါက်တာမြင့်ဟန်၊ ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်း (ညွှန်ကြားရေး မှူးချုပ်၊ ငြိမ်း)နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ခံကျန်းမာရေး ပညာရှင်များ သုံးသပ်ဆွေးနွေးခဲ့ပါသည်။ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ ဆောင်ရွက်နေမှုများအား တင်ပြပြီး အကြံဉာဏ်များ ရယူခဲ့ပါသည်။

 

 

More Tags