စစ်တွေမြို့တွင် ကုန်တင်ယာဉ်လိုင်းများမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား COVID-19 Antigen Rapid Diagnostic Test-kit ဖြင့် စစ်ဆေးခြင်းပြုလုပ်

စစ်တွေ၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၇ ရက်

     ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခိုင်သဇင်ပန်းခြံ၌ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၇) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုကိုနာခံ၍ စစ်တွေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်ကြည်သာ ဦးဆောင်သော Swab Team က (COVID-19)ကာလအတွင်း စစ်တွေ မြို့နှင့်အခြားမြို့ကြီးများသို့ ကုန်စည်ကူးသန်းပို့ဆောင်ပေးကြမည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက် (၆၀) ဦးကို  COVID-19 Antigen Rapid Diagnostic Test-kit  အသုံးပြု၍ စစ်ဆေးပေးနိုင်ခဲ့ပြီး ကျန်ရှိသူများအား ဆက်လက်စစ်ဆေးပေးသွားမည်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနများမှ အကြီးအကဲများသည် အဆိုပါစစ်ဆေးနေမှုများကို လာရောက်ကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

 
 

More Tags