ပြည်သူလူထုအတွင်း အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြီးကြပ်

မြစ်ကြီးနားမြို့ ၊ ၂၀၂၀ ပြည့်နှစ် ၊ အောက်တိုဘာလ (၂) ရက်နေ့

     ပြည်သူလူထုအတွင်း COVID-19 ရောဂါ၊ သွေးလွန်တုပ်ကွေးနှင့် သဘာဝပတ်ဝန်းကျင်သန့်ရှင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို လက်ကိုင်အသံချက်စက်များ အသုံးပြု၍ ကျယ်ပြန့်နက်ရှိုင်းစွာ အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်နေမှုကို ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာလှိုင်လှိုင်ဌေး၊ အဖွဲ့ခေါင်းဆောင်ဆရာဝန် (ကျန်းမာရေးအသိမြှင့်တင်ရေး) ဒေါက်တာလာပေါ်နှင့် မြစ်ကြီးနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဖြိုးနန္ဒဆွေ တို့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၂) ရက်နေ့၌ ကွင်းဆင်းကြီးကြပ်ခဲ့ကြပါသည်။

 


     ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးပညာရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နယ်မြေစုမှူးများ အတူတကွပူးပေါင်း၍ မြစ်ကြီးနား မြို့နယ်၊ ရွှေညောင်ပင်ရပ်ကွက်အတွင်း လက်ကိုင်အသံချက်စက်များ အသုံးပြု၍ ကျန်းမာအသိပညာပေးခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေးကို လိုက်လံစစ်ဆေး၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

 

 
 

More Tags