မြစ်ကြီးနားမြို့ရှိ ရေဘေး ကယ်ဆယ်ရေးစခန်းများသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်း

မြစ်ကြီးနားမြို့၊၂၀၂၀ ပြည့်နှစ်၊စက်တင်ဘာလ(၃၀) ရက်နေ့

     မြစ်ကြီးနားမြို့အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်း ၆ နေရာသို့ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ ကျန်းမာရေး) ဒေါက်တာလှိုင်လှိုင်ဌေး၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးနန္ဒာဆွေနှင့် အဖွဲ့တို့သည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ (၂၇-၃၀) ရက်များအတွင်း ကွင်းဆင်းသွားရောက် ခဲ့ကြပါသည်။ ထိုသို့ ကွင်းဆင်းသွားရောက်ရာတွင် COVID -19 ရောဂါအကြောင်းနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ သွေးလွန်တုပ်ကွေး ရောဂါအကြောင်း ဟောပြောခြင်း လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြပြီး ရေကျပြီးနောက် ရပ်ကွက်အတွင်းသို့ ကလိုရင်းဆေးခတ်ခြင်း၊ ကယ်ဆယ်ရေး စခန်းများသို့ ပိုးသန့်စင်လုပ်ငန်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်စုမှူးများ၊ စေတနာ့ဝန်ထမ်းများ ပါဝင်မှုဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

 

More Tags