“ကိုဗစ်-၁၉ရောဂါအကြောင်း သိကောင်းစရာ အမေး/ အဖြေအစီအစဉ်” (28-9-2020)

• ဤအစီအစဉ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းတင်ဆက်သွားမည်ဖြစ်ပါသည်။

• အစီအစဉ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး နှင့် စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအားဖြည့်ဆောင်ရွက်နိုင်ရေးအဖွဲ့ဝင် ကျန်းမာ ရေးပညာရှင်ကြီးများ နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ ကျန်းမာ ရေးပညာရှင်များမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့်ပတ်သက်၍ ပြည်သူများသိရှိလိုသည့် အချက်များ၊ မေးခွန်းများကို တီဗွီမှန်သားပြင်မှတစ်ဆင့် ပြန်လည်ဖြေကြားပေးမည် ဖြစ်ပါသည်။

• သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့်သိရှိမေးမြန်းလိုသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေး နှင့် စပ်လျဉ်းသည့် မေးခွန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Facebook စာမျက်နှာ၌

- ဤပိုစ့်အောက်တွင် comment အနေဖြင့်လည်းကောင်း၊

- chat box သို့လည်းကောင်း၊

- covid19qa@mohs.gov.mm အီးမေး(လ်)လိပ်စာသို့လည်းကောင်း ပေးပို့မေးမြန်းနိုင်ပါသည်။

• ထိုသို့မေးခွန်းများပေးပို့ရာတွင် မေးခွန်းများကိုဖြေကြားမည့်နေ့မတိုင်မီ အနည်းဆုံး(၁) ရက် ကြိုတင်၍နေ့လယ်(၁) နာရီ နောက်ဆုံးထားကာ ပေးပို့စေလိုပါသည်။

• အစီအစဉ်အား အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန Facebook စာမျက်နှာနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တို့မှ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

(၂၈.၉.၂၀၂၀)

 
 

More Tags