မက်မန်းမြို့နယ်နှင့် မိုင်းပျဉ်းမြိုနယ်များသို့ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

မက်မန်းမြို့၊ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၂၂) ရက်

     ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာမြင့်ကျော် ဉီးဆောင်သော ကွင်းဆင်းကြီးကြပ်အဖွဲ့သည် (၁၉-၉-၂၀၂၀) ရက်နေ့မှ (၂၂-၉-၂၀၂၀) ရက်နေ့အထိ မက်မန်းမြို့နယ်နှင့် မိုင်းပျဉ်းမြိုနယ်များသို့ ကွင်းဆင်းကြီးကြပ်ခြင်းလုပ်ငန်းကို သွား ရောက် ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါခရီးစဉ်တွင် မက်မန်းမြို့နယ်အတွင်းရှိ ဆွတ်ဝိုးတိုက်နယ်ဆေးရုံ၊ မက်မန်း ပြည်သူ့ ဆေးရုံ၊ ကောင်းလန်း နယ်စပ်ဒေသဆေးပေးခန်း၊ ငှက်ယောင်း နယ်စပ်ဒေသဆေးပေးခန်း၊ ရောင်အူ “ဝ” ကျေးလက်ကျန်းမာရေးဌာန၊ တာကော်လေး နယ်စပ်ဒေသဆေးပေးခန်း၊ မိုင်းပျဉ်းမြို့နယ်ရှိ မိုင်းပျဉ်းပြည်သူ့ဆေးရုံများသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများကို စစ်ဆေးကွင်း ဆင်း ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် ကျန်းမာရေးဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ ၏ လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ခက်ခဲဒေသတွင် တာဝန်ထမ်းဆောင် နေကြသော ဝန်ထမ်းများအား စားသောက်ဖွယ်ရာ လက်ဆောင်များ ပေးခဲ့ကြောင်း သတင်းရရှိသည်။

More Tags