COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (24-9-2020, 8:00 PM)

၁။ (၂၄-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီမှ ည (၈:၀၀)နာရီအတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၁,၀၂၇)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ ဓာတ်ခွဲနမူနာ (၄၉၈) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၈၂) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၁၄၂) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၅) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ (၂) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနားမြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊
- ပြည်သူ့ဆေးရုံ၊ မူဆယ်မြို့ ဓာတ်ခွဲနမူနာ (၅) ခု၊
- ပြည်သူ့ဆေးရုံ၊ ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၃၉) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၁၆) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့မှ ဓာတ်ခွဲနမူနာ (၆) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၃၅) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြဝတီမြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၈) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- နေပြည်တော် အမှတ် (၂)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)မှဓာတ်ခွဲနမူနာ (၂၀၁)ခုနှင့်
- စစ်တွေမြို့၊ အမှတ် (၁၇) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀) မှ ဓာတ်ခွဲနမူနာ (၇) ခု
စုစုပေါင်း (၂,၄၂၆) ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၁၇) ဦး တွေ့ရှိရပါသည်။
၂။ (၂၄-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၈,၃၄၄) ဦးရှိပြီ ဖြစ်ပါသည်။
၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၂,၃၈၁) ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။
၄။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၅၀)ဦး ရှိပါသည်။
၅။ (၂၃-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၄-၉-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၄၁၆) ဦးရှိပါသည်။

 

 

More Tags