COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (22-9-2020, 8:00 PM)

၁။ (၂၂-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီမှ ည (၈:၀၀)နာရီအတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၁,၀၁၇)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ ဓာတ်ခွဲနမူနာ (၂၈၂) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၆၃) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၂၅၁) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၉၃) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၁၁၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၂၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှ ဓာတ်ခွဲနမူနာ (၇) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနားမြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲနမူနာ (၁၅) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၂၀) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြဝတီမြို့မှ ဓာတ်ခွဲနမူနာ (၈) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၀) ခုနှင့်
- နေပြည်တော် အမှတ် (၂)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)မှဓာတ်ခွဲနမူနာ (၂၅၃)ခု
စုစုပေါင်း (၂,၄၉၉) ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၇၃) ဦး တွေ့ရှိရပါသည်။
၂။ (၂၂-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၆,၇၄၃) ဦးရှိပြီ ဖြစ်ပါသည်။
၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၁,၉၅၁) ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။
၄။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၁၅)ဦး ရှိပါသည်။
၅။ (၂၁-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၂-၉-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၃၇၂) ဦးရှိပါသည်။

 

 

More Tags