မင်္ဂလာဒုံမြို့နယ်ရှိ Quarantine Center တွင် နေထိုင်သူ ကိုယ်ဝန်ဆောင်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက်

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၅ ရက်

     ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ မြရွှေပင် Quarantine Center နေထိုင်သူများအနက်မှ ကိုယ်ဝန်ဆောင် (၃) ဦးအား (၁၅.၉.၂၀၂၀) ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါသည်။ ၎င်းကိုယ်ဝန်ဆောင်များအား PMCT စစ်ဆေးခြင်း၊ AN  Record များဖြည့်သွင်းခြင်း၊ ကိုယ်အလေးချိန် ချိန်ခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း၊ ကိုယ်ဝန်ဆောင်သံဓာတ် အားဆေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မင်္ဂလာဒုံမြို့နယ်မှ အခြေခံ ကျန်းမာရေးပညာရှင်များ၊ Quarantine Center မှ တာဝန်ခံကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

More Tags