ရမည်းသင်းမြို့နယ်တွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်း

ရမည်းသင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၆ ရက်   

     မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် မြို့နယ်COVID-19 ရောဂါ ထိန်းချူပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးကော်မတီမှ လိုက်နာရန်ထုတ်ပြန်ထားသည့် စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များအား ဆိုင်ထိုင်စားစနစ်ဖြင့် မရောင်းချစေဘဲ Takeaway ပါဆယ်စနစ်ဖြင့်သာရောင်းချရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် အချက်များအတိုင်း လိုက်နာဆောင်ရွက်ကြပါရန် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ကွင်းဆင်းစစ်ဆေး အသိပညာပေးခဲ့ ပါသည်။

 

 

 
 

More Tags