COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (17-9-2020, 8:00 AM)

၁။ (၁၆-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ မှ (၁၇-၉-၂၀၂၀) နံနက် (၈:၀၀)နာရီ အတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၁,၀၅၁) ခု၊
- ဆေးသုတေသနဦးစီးဌာန(DMR) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၉၄) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၃၉၁) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁၃၂) ခု
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၅) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀)မှ ဓာတ်ခွဲနမူနာ ဒုတိယအသုတ် (၄၁) ခု၊
- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၆၀၀) ခုနှင့်
- အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၇၅) ခု၊
စုစုပေါင်း ဓာတ်ခွဲနမူနာ (၂,၅၉၉) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ
• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၇၃) ဦးတွေ့ရှိပါသည်။
၂။ သို့ဖြစ်ရာ (၁၇-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃,၈၉၄)ဦး ရှိပြီဖြစ်ပါသည်။
၃။ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၈၄) နှစ်အရွယ် အဆုတ်တီဘီရောဂါဖြစ်ဖူးခြင်း နှင့် သွေးတိုးရောဂါအခံရှိသူ အမျိုးသား (Case-3599) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ တို့ ဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ ညနေ (၇:၂၆) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။
၄။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၅၈) နှစ်အရွယ်အမျိုးသား (Case-3370) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ ည (၇:၃၀) နာရီ အချိန်တွင် သေဆုံးသွားခဲ့ပါသည်။
၅။ အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၆၅) နှစ်အရွယ် အဆုတ်တီဘီရောဂါဖြစ်ဖူးခြင်း နှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသား (Case-3540) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း တို့ ဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ ညနေ (၃:၀၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။
၆။ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၉၀) နှစ်အရွယ် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိ၍ လေဖြတ်ထားဖူးသူ အမျိုးသား (Case-2911) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း ဖြင့် (၁၃-၉-၂၀၂၀) ရက်နေ့၊ နံနက် (၉:၂၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။
၇။ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၇၅) နှစ်အရွယ် နှလုံးရောဂါနှင့် နာတာရှည်ကျောက်ကပ်ရောဂါနှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီး (Case-3361) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီး ခြင်းဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ ညနေ (၆:၁၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။
၈။ တောင်ဥက္ကလာပအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၁၃) နှစ်အရွယ် အမျိုးသမီး (Case-2531) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ သွေးနှင့်ဆိုင်သော ရောဂါအခံရှိခြင်းတို့ဖြင့် (၁၇-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁:၄၅) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။
၉။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၄၆)ဦး ရှိပြီဖြစ်ပါသည်။ ၁၀။ (၁၆-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင်
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ (၂,၀၆၈) ခု၊
- ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၃၇၆) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) မှ ဓာတ်ခွဲနမူနာ (၇၃၅) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၃၂၀) ခု
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၅) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀)မှ ဓာတ်ခွဲနမူနာ ဒုတိယအသုတ် (၄၁) ခု
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၇၈) ခု
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၇) ခု
- ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၅) ခု
- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၁၀) ခု
- ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲနမူနာ (၆) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ တီးတိန်မြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု
- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၆၀၀) ခု နှင့်
- အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၇၅) ခု
စုစုပေါင်း (၄,၅၅၅) ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂၅၈) ဦး တွေ့ရှိခဲ့ပါသည်။ (ဓာတ်ခွဲအတည်ပြု လူနာ (၁၈၅) ဦး တွေ့ရှိကြောင်း ကို (၁၆-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။)

More Tags