ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရေး ကွင်းဆင်းအဖွဲ့များ ရန်ကုန်တိုင်းဒေသကြီးသို့ ထပ်မံသွားရောက်မည်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ -
ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချူပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်နှင့် ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာစည်သူအောင်တို့ ဦးဆောင်သည့် ကုသရေး ပညာရှင်များ၊ ပြည်သူ့ကျန်းမာရေး ပညာရှင်များနှင့် စီမံခန့်ခွဲမှုပညာရှင်များ ပါဝင်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရေး ကွင်းဆင်းအဖွဲ့ (၃) ဖွဲ့သည် စက်တင်ဘာ (၁၅) ရက်နေ့ နံနက်တွင် နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်ကာ ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်နေသည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများနှင့် အသွားအလာ ကန့်သတ်ခြင်း (quarantine) လုပ်ငန်းများတွင် ထပ်မံပံ့ပိုးအားဖြည့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ထို့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးရှိ COVID-19 ကုသရေးဌာန (လှိုင်)၊ COVID-19 ကုသရေးဌာန (သုဝဏ္ဏ) နှင့် COVID-19 ကုသရေးဌာန (ဒဂုံဆိပ်ကမ်း) တို့သို့ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ ဆေးရုံအုပ်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကုသမှုအထောက်အကူပြု ပညာရှင်များနှင့် ဆေးနှင့် ဆေးပစ္စ များ ထပ်မံအားဖြည့် ဆောင်ရွက်လျက်ရှိပါသည်။

 

More Tags