COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (14-9-2020, 3:30 PM)

၁။ ယမန်နေ့ (၁၃-၉-၂၀၂၀) ရက်နေ့ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် တွေ့ရှိခဲ့ရသည့် COVID-19 လူနာများတွေ့ရှိမှုအခြေအနေများကို ဖော်ပြအပ်ပါသည်။

၂။ မြောက်ဥက္ကလာပဆေးရုံကြီး တွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၇၀) နှစ်အရွယ် သွေးတိုးရောဂါအခံရှိသူ အမျိုးသား (Case-2504) သည် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းရောဂါဖြင့် (၁၃-၉-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

၃။ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၇၂) နှစ် အရွယ် ဆီးချိုရောဂါ၊ သွေးတိုး နှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူ အမျိုးသား (Case-1987) သည် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း ရောဂါဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ နံနက် (၆:၃၆) နာရီ အချိန်တွင် သေဆုံး သွားခဲ့ပါသည်။

၄။ သို့ဖြစ်ပါ၍ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူစုစုပေါင်း (၂၆)ဦး ရှိပြီဖြစ်ပါသည်။

 
 
 
 
 

More Tags