COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (14-9-2020, 8:00 AM)

၁။ (၁၃-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၁,၄၄၁) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၂၈၇) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၅) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀)မှ ဓာတ်ခွဲနမူနာ ဒုတိယအသုတ် (၂၈) ခု နှင့်
- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၄၇၃) ခု
စုစုပေါင်း ဓာတ်ခွဲနမူနာ (၂,၂၄၄) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ

• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၈၃) ဦးတွေ့ရှိပါသည်။

၂။ သို့ဖြစ်ရာ (၁၄-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃,၀၁၅)ဦး ရှိပြီဖြစ်ပါသည်။

၃။ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၇၅) နှစ် အရွယ် သွေးတိုး ရောဂါအခံရှိပြီး လေဖြတ်ရောဂါ (၈) နှစ်ကြာခံစားနေရသူ အမျိုးသား (Case-2463) သည် ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်ခြင်း၊ ရုတ်တရက်ဦးနှောက်သွေးကြောပိတ်၍ ထပ်မံ လေဖြတ်ခြင်းရောဂါဖြင့် (၁၃-၉-၂၀၂၀) ရက်နေ့၊ညနေ (၆:၀၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

၄။ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး တွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၆၉) နှစ်အရွယ် ပန်းနာရင်ကြပ်ရောဂါ၊ ဆီးချို၊ သွေးတိုး နှင့် နှလုံး ရောဂါအခံရှိသူ အမျိုးသမီး (Case-2324) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်းဖြင့် (၁၁-၉-၂၀၂၀) ရက်နေ့၊ နံနက် (၆:၀၅) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

၅။ COVID-19 ကုသရေးဌာန (ဖောင်ကြီး)တွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၅၁) နှစ်အရွယ် အသည်းရောင်အသားဝါ (စီ) ပိုး ရောဂါအခံရှိသူ အမျိုးသား (Case-1997) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်း၊ အသည်းခြောက်ရောဂါကြောင့် သွေးအန်ခြင်း၊ အသည်းနှင့်ကျောက်ကပ်ပျက်စီးခြင်းဖြင့် (၁၃-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၃၄) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

၆။ COVID-19 ကုသရေးဌာန (ဖောင်ကြီး)တွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၇၆) နှစ်အရွယ် ဆီးချို၊ သွေးတိုး ရောဂါအခံရှိသူ အမျိုးသမီး (Case-2126) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီးခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရုတ်တရက် လေဖြတ်ခြင်းရောဂါဖြင့် (၁၁-၉-၂၀၂၀) ရက်နေ့၊ နံနက် (၆:၀၅) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

၇။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၂၄)ဦး ရှိပြီဖြစ်ပါသည်။

၈။ ၃။ (၁၃-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင်
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ (၁,၉၉၇) ခု၊
- ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၃၀၉) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) မှ ဓာတ်ခွဲနမူနာ (၆၅၉) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၄၇) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၂၁) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၃၉) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၅) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၂၂) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၅) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနားမြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၄၇၃) ခု နှင့်
- အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၃၉) ခု
စုစုပေါင်း (၃,၆၃၅) ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂၁၉) ဦး တွေ့ရှိခဲ့ပါသည်။ (ဓာတ်ခွဲအတည်ပြု လူနာ (၁၃၆) ဦး တွေ့ရှိကြောင်း ကို (၁၃-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။)

 
 

More Tags