မင်္ဂလာဒုံမြို့နယ်ရှိ Quarantine Center တွင် နေထိုင်သူ ကိုယ်ဝန်ဆောင်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်

ရန်ကုန်မြို့၊၂၀၂၀ပြည့်နှစ်၊‌စက်တင်ဘာလ(၈)ရက်

     (၈.၉.၂၀၂၀)ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ မြရွှေပင် Quarantine Center နေထိုင်သူများအနက်မှ ကိုယ်ဝန်ဆောင် (၄)ဦးအား ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပါသည်။ ၎င်းကိုယ်ဝန်ဆောင်များအား PMCT စစ်ဆေးခြင်း၊ AN Record များဖြည့်သွင်းခြင်း၊ ကိုယ်အလေးချိန် ချိန်ခြင်း၊ ကာကွယ်ဆေးထိုး ပေးခြင်း၊ ကိုယ်ဝန်ဆောင် သံဓာတ်အားဆေး ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် မင်္ဂလာဒုံမြို့နယ်မှ အခြေခံကျန်းမာရေး ပညာရှင်များ၊ Quarantine Center မှ တာဝန်ခံကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါသည်။

 

 

More Tags