COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (9-9-2020, 8:00 AM)

၁။ (၈-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၇၇၄)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၉၄) ခု
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲ နမူနာ (၁၈၄) ခု နှင့်
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၃၀) ခု၊
- စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၀၈၂)ခု အား စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉၈) ဦး တွေ့ရှိရပါသည်။

၂။ ဝေဘာဂီအထူးကုဆေးရုံကြီး၊ ရန်ကုန်မြို့တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက် (၅၁)နှစ်အရွယ် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ အမျိုးသားတစ်ဦး (Case – 885) သည် (၉-၉-၂၀၂၀)ရက်နေ့၊ နံနက် (၃:၃၀) နာရီအချိန်တွင် ရုတ်တရက်နှလုံးရပ်ခြင်း၊ ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းဖြင့် သေဆုံးခဲ့ ပါသည်။

၃။ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၊ရန်ကုန်မြို့တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက်(၅၇)နှစ်အရွယ် ဆီးချို၊ သွေးတိုးရောဂါအခံရှိသူ အမျိုးသမီးတစ်ဦး၊ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case – 1692) သည် ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းဖြင့် (၇-၉-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၅) နာရီအချိန် တွင် သေဆုံးခဲ့ပါသည်။

၄။ (၉-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁,၈၀၇) ဦးရှိပါသည်။

၅။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၂)ဦး ရှိပါသည်။

၆။ (၈-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၁,၈၂၀)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၄၄၅) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၅၅၂) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၁၇၆) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၄၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၃၅) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၆) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၂၅) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ (၂) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ (၂) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့မှ ဓာတ်ခွဲနမူနာ (၆) ခုနှင့်
- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၀၂) ခု
- စုစုပေါင်း ဓာတ်ခွဲနမူနာ (၃,၃၁၇)ခု အားစစ်ဆေးခဲ့ပါသည်။

၇။ ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန်မည်ဖြစ်ပါသည်။

 

 

More Tags