ရမည်းသင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် COVID-19 ပညာပေး ပိုစတာများကပ်ခြင်း၊ ဗွီနိုင်းစိုက်ထူခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရမည်းသင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၅) ရက်

     မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ COVID-19 ထိန်းချူပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ဆောင်ရွက်ရေး ကော်မတီမှ COVID-19 အသိပညာပေးဗွီနိုင်း၊ ဆိုင်းဘုတ် (၁၂ ပေ ၆ ပေ) ၃ချပ်၊ (၇ ပေ ၄ ပေ) ၂၄၇ ချပ် ကို မြို့ပေါ်နှင့် ကျေးရွာပေါင်း (၂၄၇) ရွာများသို့ အခမဲ့ဖြန့်ဝေ၍အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာရေး ဆောင်ရွက်နိုင်ရန် (၄-၉-၂၀၂၀) ရက်နေ့မှ စတင် စိုက်ထူလျက်ရှိပါသည်။ ရမည်းသင်းမြိုနယ်အတွင်း ပြည်သူများ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရန်အချက်များ သိရှိနိုင်ပါရန် အသိပညာပေးခြင်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာအုပ်ချူပ်ရေးမှူးများမှ လက်ကိုင်စပီကာ၊ အသံချဲ့စက်ဖြင့် ကြော်ငြာခြင်း၊ ပိုစတာများ ကပ်ခြင်း၊ ဗွီနိုင်းများစိုက်ထူခြင်းဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

More Tags