သထုံမြို့နယ်တွင် Township Level Training on HPV Vaccine Introduction in Routine Immunization သင်တန်း ကျင်းပပြုလုပ်

သထုံ၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၃၁ ရက်   

     မွန်ပြည်နယ်၊ သထုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ Township Level Training on HPV Vaccine Introduction in Routine Immunization သင်တန်းကို သြဂုတ်လ (၃၁) ရက်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ကျန်းမာရေးမှူးအဆင့် (၁)နှင့် သက်ဆိုင်ရာဌာနမှလက်ထောက်ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများ (၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦး က ယခုသင်တန်းတွင် ဆွေးနွေးသင်ကြားပေးမည့် လုပ်ငန်းလမ်းညွှန်ကို ကောင်းမွန်စွာ နားလည်သဘောပေါက်ပြီး သားအိမ်ခေါင်းကာကွယ်ဆေးကို ထိုးနှံနိုင်ရန်နှင့် ကမ္ဘာတစ်ဝန်းလုံး သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွာမှုအား လျှော့ချနိုင်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင် မည့် အိတ်ချ်ပီဗီကာကွယ်ဆေးစတင်ထည့်သွင်းခြင်း လုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

 

     ထို့နောက် သင်တန်းတွင် သင်တန်းဆရာအဖြစ် ကျန်းမာရေးအဆင့်(၁) ဒေါ်ခင်ဝင်းဝင်းမှ အိတ်ချ်ပီဗီကူးစက်ပျံ့နှံ့ပုံနှင့် အိတ်ချ်ပီဗီပိုးနှင့် ကင်ဆာများ ဆက်စပ်ပုံ၊ သားအိမ်ခေါင်းကင်ဆာရောဂါ လက္ခဏာများ၊ အိတ်ချ်ပီဗီကာကွယ်ဆေးကို ဘေးအန္တရာယ်ကင်းစွာ ထိုးနှံပေးခြင်း၊ မှတ်တမ်းပြုစုခြင်းနှင့် သတင်းပေးပို့ခြင်း၊ အနုစိတ်စီမံချက်ရေးဆွဲခြင်း၊ ကာကွယ်ဆေးလွှမ်းခြုံမှု စောင့်ကြည့် စီစစ် ခြင်း၊ ကာကွယ်ဆေးထိုးပြီးဖြစ်ပွားနိုင်သော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ ကာကွယ်ဆေးထိုးအစီအစဉ်နှင့် ပတ်သက်သည့် လူထုစည်းရုံးရေးလုပ်ငန်းများ နှင့် အဓိကသတင်းစကား စသည်များကို သင်ကြားပို့ချခဲ့ပါသည်။

 
 

More Tags