COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (28-8-2020, 9:30 AM)

ယနေ့၊ နံနက် (၈:၀၀) နာရီတွင် ထုတ်ပြန်ခဲ့သော သတင်း၏ နောက်ဆက်တွဲဖြစ်ပါသည်။

၁။ (၂၇-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၅၆၄) ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR) မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၂၅)ခုနှင့်
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၃၂) ခုတို့တွင်-

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆) ဦး တွေ့ရှိခဲ့ရပါသည်။ (အဆိုပါ သတင်းကို ယနေ့၊ နံနက် (၈:၀၀) နာရီတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။)

၂။ အဆိုပါ လူနာများ၏ အချက်အလက်များအား ပူးတွဲပါဇယားဖြင့် ဖော်ပြအပ်ပါသည်။

၃။ (၂၈-၈-၂၀၂၀)ရက်နေ့၊ နံနက် (၉:၃၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၆၂၈)ဦး ရှိပြီ ဖြစ်ပါသည်။

 
 
 
 
 

More Tags