COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (28-8-2020, 8:00 AM)

၁။ (၂၇-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၅၆၄) ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၂၅) ခုနှင့်
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၃၂) ခုတို့တွင်-

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆) ဦး တွေ့ရှိခဲ့ရပါသည်။

၂။ (၂၈-၈-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၆၂၈) ဦး ရှိပြီ ဖြစ်ပါသည်။

၃။ (၂၇-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့်
• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမ+ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁၁၂၇) ခု၊
• ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၃၅၁) ခု၊
• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၁၈၇) ခု၊
• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခု၊
• ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၇) ခု၊
• ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၃၂) ခုနှင့်
• နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၆) ခု၊
• စုစုပေါင်း (၁,၉၇၆) ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

၄။ ာတ်ခွဲစစ်ဆေးပြီးစီးချိန်နှင့်သတင်းထုတ်ပြန်ချိန်အကြားအချိန်တိုတောင်းခြင်းကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ပြုစုလျက်ရှိကာ ပြီးစီးပြီးနောက်မှသာ ထပ်မံထုတ်ပြန်သွားမည်ဖြစ်ပါသည်။

More Tags