ထားဝယ်ခရိုင်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကျောင်းနှင့်အခြေခံပညာကျောင်းများ ဆေးလိပ်ငွေ့ကင်းစင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ထားဝယ်မြို့၊ ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၂၅)ရက်

     ဆေးလိပ်ငွေ့ကင်းစင်သော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကျောင်းနှင့်အခြေခံပညာကျောင်းများ ထူထောင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂၅-၈-၂၀၂၀)ရက်နေ့တွင် ထားဝယ်မြို့ မြို့တော်ခန်းမ၌ပြုလုပ်ရာ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် တက်ရောက် အဖွင့်အမှာစကား ‌ပြောကြားပါသည်။ ထို့နောက်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းက ညှိနှိုင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် အစီအစဉ်များကိုလည်းကောင်း၊ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ သမားတော်ကြီး ဒေါက်တာသန်းနိုင်မင်းက ဆေးလိပ်နှင့်ဆေးရွက်ကြီး သမိုင်းကြောင်းနှင့် ရောဂါဖြစ်ပွားမှု အခြေအနေများကိုလည်းကောင်း Power point ဖြင့် ရှင်းလင်းတင်ပြပါသည်။
 


     ထို့နောက် တက်ရောက်လာသူများအား အုပ်စု(၃)ခုခွဲကာ ဆောင်ရွက်မည့် လုပ်ငန်းများကို အသေးစိတ် ဆွေးနွေးကြပါသည်။ အဆိုပါ အစည်းအဝေးသို့ ထားဝယ်ခရိုင်အတွင်းရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ အခြေခံပညာဦးစီးဌာနမှ မြို့နယ်ပညာရေးမှူးများနှင့် အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများ စုစုပေါင်း(၈၀)ဦးခန့် တက်ရောက်ကြပါသည်။

 

More Tags