ဟားခါးမြို့တွင် လတ်တလော အာဟာရချို့တဲ့မှု ဘက်စုံကုသစောင့်ရှောက်ခြင်းဆိုင်ရာကုထုံး ဆရာဖြစ် မွမ်းမံသင်တန်း ပို့ချ

ဟားခါး၊ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၁) ရက်

     ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Access to Health Fund တို့ ပူးပေါင်း၍ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့မှ (၂၄) ရက်နေ့အထိ လက်တလော အာဟာရချို့တဲ့မှု ဘက်စုံကုသစောင့်ရှောက်ခြင်းဆိုင်ရာကုထုံး ဆရာဖြစ် မွမ်းမံသင်တန်း ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     အဆိုပါသင်တန်းသို့ ချင်းပြည်နယ် (၉) မြို့နယ်မှ သင်တန်းသား (၅) ဦးစီတက်ရောက်ခဲ့ကြပြီး ဒေါက်တာရှာရွန်ပါရ် လက်ထောက်ညွှန်ကြားရေးမှူး(မိခင်ကလေး/ကျောင်းကျန်းမာ/အာဟာရ)၊ ဒေါက်တာဝါဝါဝင်းထိန်(ကလေးအထူးကု)၊ ဦးနန်ရှင်းမန် လက်ထောက်ညွှန်ကြားရေးမှူး (ကျန်းမာပညာ)၊ ဦးဘွေဖါလိန်း(အာဟာရကျွမ်းကျင်)၊ ဒေါ်ခေါမွေငူးရီ ဦးစီးအရာရှိ(သူနာပြု)နှင့် ဒေါ်မီမီလင်း(Sister) တို့မှ လက်တလော အာဟာရချို့တဲ့မှု ဘက်စုံကုသ စောင့်ရှောက်ခြင်းဆိုင်ရာ သိကောင်းစရာများကို အသီးသီး သင်တန်းပို့ချခဲ့ကြပါသည်။

More Tags