မော်လမြိုင်မြို့တွင် “State Level Training of Trainers on HPV Vaccine Introduction in Routine Immunization ” ပြည်နယ်အဆင့် ဆရာဖြစ်သင်တန်း ကျင်းပပြုလုပ်

မော်လမြိုင်၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၂၄ ရက်   

     မော်လမြိုင်မြို့တွင် “ State Level Training of Trainers on HPV Vaccine Introduction in Routine Immunization ” ပြည်နယ်အဆင့်ဆရာဖြစ်သင်တန်းကို ဩဂုတ်လ(၂၄) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်  က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင်တန်းမှာ ဆွေးနွေးသင်ကြားမည့် လုပ်ငန်းလမ်းညွှန်အား ကောင်းမွန်စွာ နားလည်သဘောပေါက်ပြီး မိမိတို့ မြို့နယ်အလိုက် ထပ်ဆင့် သင်တန်းပေးရာတွင်လဲ ရှင်းလင်းသေချာစွာ သင်ကြားပေးပါရန်နှင့် ကမ္ဘာတစ်ဝှမ်းလုံး သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုအား လျှော့ချနိုင်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မည့် အိတ်ချ်ပီဗီကာကွယ်ဆေး စတင်ထည့်သွင်းခြင်း လုပ်ငန်းကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအဆင့်ဆင့်ကြီးကြပ်ပေးပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

 

     ထို့နောက် သင်တန်းတွင် သင်တန်းဆရာအဖြစ် မော်လမြိုင်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာခင်မိုးသွယ် ၊ပြည်နယ်တိုးချဲ့ကာကွယ်ဆေး/ကူးစက်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းပပဌေး၊ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာကေသီခိုင်တို့မှ အိတ်ချ်ပီဗီပိုးကူးစက်ပျံ့နှံ့ပုံနှင့် အိတ်ချ်ပီဗီပိုးနှင့်ကင်ဆာများ ဆက်စပ်ပုံ၊ သားအိမ်ခေါင်းကင်ဆာရောဂါလက္ခဏာများ၊ ကာကွယ် ခြင်းနှင့်ကုသခြင်း၊ အိတ်ချ်ပီဗီကာကွယ်ဆေးကို ဘေးအန္တရာယ်ကင်းစွာထိုးနှံပေးခြင်း၊ မှတ်တမ်းပြုစုခြင်းနှင့် သတင်းပေးပို့ခြင်း၊ အနုစိတ်စီမံချက်ရေးဆွဲခြင်း၊ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ရာခိုင်နှုန်း စောင့်ကြည့်စီစစ်ခြင်း၊ ကာကွယ်ဆေးထိုးပြီး ဖြစ်ပွားနိုင်သောနောက်ဆက်တွဲ ကျန်းမာရေးပြဿနာ များနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ ကာကွယ်ဆေးထိုး အစီအစဉ်နှင့် ပတ်သက်သည့် လူထု စည်းရုံးရေးလုပ်ငန်းများနှင့် အဓိကသတင်းစကားများများ စသည်တို့ကို ရှင်းလင်းဆွေးနွေးပို့ချခဲ့ကြသည်။ အဆိုပါသင်တန်းသို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများ၊ ပြည်နယ်တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြို့နယ်တိုးချဲ့ကာကွယ်လုပ်ငန်းတာဝန်ခံများ၊ EHO မှ တာဝန် ရှိသူများ စုစုပေါင်း (၃၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။

 

 
 

More Tags