တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် Post Abortion Care သင်တန်းပြုလုပ်ခြင်း

ထားဝယ်၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၂၁ ရက်   

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ၂၀၂၀ခုနှစ် ၊ သြဂုတ်လ (၁၇) ရက်နေ့မှ (၂၁)ရက်နေ့အထိ တနင်္သာရီတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနနှင့် Ipas (Myanmar)တို့ပူးပေါင်း၍  Post Abortion Care သင်တန်းကို ပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

 

     အဆိုပါသင်တန်းသို့ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်နှင့် ပုလောမြို့နယ်တို့မှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန်များ၊ လက်ထောက် ဆရာဝန်များ၊ သူနာပြုဆရာမများအပါအဝင် သင်တန်းသားစုစုပေါင်း (၄၃) ဦး တက်ရောက်ခဲ့ပြီး ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ တွဲဖက်ပါမောက္ခ ဒေါက်တာစန္ဒာစော၊ ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးမှ သားဖွားနှင့်မီးယပ် အထူးကုဆရာဝန်ကြီးများ၊ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာခင်ယုယုဇင်တို့မှ သင်ကြားပို့ချခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၁)ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းနှင့် သင်တန်းဆရာများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပါသည်။

More Tags