ရခိုင်ပြည်နယ်၌ ဆောင်ရွက်နေသည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများအသုံးပြုရန် လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီးလက်ခံ

(၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဩဂုတ်လ (၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန၌ -

     ရခိုင်ပြည်နယ်၌ ဆောင်ရွက်နေသည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများ အသုံးပြုရန်အတွက် -

• Sea Lion Co Ltd ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာဝင်းဇော်အောင်က ကျပ် (၂,၆၀၀) သိန်းတန်ဖိုးရှိ တစ်ကိုယ်ရေရောဂါကာကွယ်ရေးဝတ်စုံ (Protective Coverall PPE) (၁၀,၀၀၀) စုံ နှင့် ကျပ် (၃၀၀) သိန်းတန်ဖိုးရှိ ခွဲစိတ်ခန်းသုံး ပါးစပ်နှင့်နှာခေါင်းစည်း (EN14683 Type II) (၁၀၀,၀၀၀) ခု၊

• Myanmar Multispeciality Physicians Global Alliance (MMPGA) က အမေရိကန်ဒေါ်လာ (၁၀,၀၀၀) တန်ဖိုးရှိ တစ်ကိုယ်ရေရောဂါကာကွယ်ရေးဝတ်စုံ (၅၀၀) စုံ တို့ကို လာရောက်လှူဒါန်းမှုအား လက်ခံခဲ့ပြီး ကျေးဇူးတင်ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

More Tags