ရုံးလုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂) ကျင်းပပြုလုပ်

ဟားခါး၊ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၁၇) ရက်

     ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Access to Health Fund တို့ ပူးပေါင်း၍ ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့မှ (၂၀) ရက်နေ့အထိ ရုံးလုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂)ကို ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲတွင် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးက ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအကြောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်ဇော်က ပျမ်းမျှလစာ တွက်ချက်နည်းများ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးညွှန့်အောင်က ငွေစာရင်းအထားအသို ဌစ အကြောင်းသိကောင်းစရာများ၊ ပင်စင်ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်အေးအေးဝင်းမှ ပင်စင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအကြောင်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းလင်းဦးက ရသုံးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအကြောင်း၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ အကြောင်း၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းနုက ဗဟိုစာရင်းကိစ္စရပ် များအကြောင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးနိန်ဟုန်း ဦးစီးအရာရှိ(အုပ်ချုပ်/စီမံ)က ရုံးလုပ်ငန်းဆိုင်ရာ သိကောင်းစရာများ၊ ပြည်နယ်ကုသရေးဦးစီးဌာနမှ ဦးပေါင်ရှင်းလန့် (အုပ်ချုပ်/စီမံ)က ဌာနဆိုင်ရာစစ်ဆေးမှုကိစ္စရပ်များကို အသီးသီး ပို့ချခဲ့ကြပါသည်။

More Tags