မော်လမြိုင်မြို့တွင် Workshop on Feedback Gathering with End Users and Training ကျင်းပပြုလုပ်

မော်လမြိုင်၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၁၄ ရက်

     မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Workshop on Feedback Gathering with End Users and Training for TB Case Based Registration ကို ၂၀၂၀ ခုနှစ် သြဂုတ်လ (၁၁) ရက်နေ့ မှ (၁၂)ရက်နေ့ထိ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကာကွယ်ခြင်း အတွက် ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနား တွင် ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝတ်မှုံ က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တိုးတက်အောင် ပြုပြင်ပြောင်းလဲခြင်း ဆောင်ရွက်ရာတွင် electronic ကို အခြေခံသည့် e-government ဖြစ်အောင် လုပ်ဆောင်နေကြောင်း၊ ကျန်းမာရေးနှင့်အာကစား ဝန်ကြီးဌာနအနေဖြင့်လည်း ကျန်းမာရေးလုပ်ငန်းများကို e Recording and Reporting system ဖြစ်အောင် ကြိုးပန်းဆောင်ရွက်နေပါကြောင်း၊ သာဓကအနေဖြင့် ကျန်းမာရေးဝန်ထမ်းများအား Mobile Tablet ဖြန့်ဝေ အသုံးပြုစေခြင်း ဖွားသေစာရင်းများကို electronic system ဖြင့် စာရင်းသွင်းစေခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်နေပါကြောင်း ယခု မွန်ပြည်နယ်မှာ လုပ်ဆောင်နေသည့် eR&R for TB Case Based Registration သည်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဖော်ဆောင်နေသည့် e Recording and Reporting system ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါကြောင်း၊

 

ဒီလုပ်ငန်းများကို စတင်လုပ်ဆောင်ရာမှာ electronic ရော paper နဲ့ပါ စာရင်းသွင်းနေရသည့်အတွက် အခက်အခဲများရှိနိုင်ပါကြောင်း၊ သို့သော် အားမလျှော့သင့်ပါကြောင်း၊ အချိန်ကြာလာသည်နှင့်အမျှ အဆင်ပြေချောမွေ့လာမှာဖြစ်ပါကြောင်း၊ eR&R for TB Case Based Registration ကြောင့် စာရင်းဇယားများ ပိုမို တိကျ မှန်ကန်လာမှာဖြစ်ပါကြောင်း၊ အစီခံသည့်စနစ်လည်း ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး မှန်ကန်မြန်ဆန်ထိရောက်သော စီမံခန့်ခွဲမှုများကို လုပ်ဆောင်လာနိုင်မှာဖြစ်ပါကြောင်း၊ ယခုလုပ်ငန်းကို မွန်ပြည်နယ်တွင် စတင်လုပ်ဆောင်ခဲ့သည်မှာ နှစ်ဝက် ကျော်ရှိလာပြီဟု သိရပါကြောင်း၊ ယခု Workshop and Training သည် End Users များရဲ့ လိုအပ်ချက်များကို သိချင်ပါကြောင်းနှင့် လိုအပ်ချက်များသိမှသာ ဒီထက်ပိုမိုကောင်းမွန်သော eR&R for TB Case Based Registration ကို ဖော်ဆောင်လာနိုင်မှာ ဖြစ်ပါကြောင်း၊ ယခုအခါ မွန်ပြည်နယ်နှင့် ရှမ်ပြည်နယ်တောင်ပိုင်း၌ သာ လုပ်ဆောင်နေပေမယ့် များမကြာမှီမှာ တိုင်းနှင့်ပြည်နယ်အားလုံးတွင် ချဲ့ထွင်ဆောင်ရွက်တော့မှာဖြစ် ကြောင်း၊ နောက်ပိုင်းတွင် တီဘီတင်မက ကျန်းမာရေးလုပ်ငန်းအားလုံးကို e Recording and Reporting system ဖြစ်အောင် ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားသွားပါသည်။

     အဆိုပါသင်တန်းတွင် ဒေါက်တာထွန်းဦး(လက်ထောက်ညွှန်ကြားမှူး၊တီဘီ/အနာကြီး)၊ WHO eR&R National Technical Officer ဦးအောင်ကိုမင်းတို့က Facilitators အဖြစ်ဆောင်ရွက်ပြီး End Users များဖြစ်သည့် မြို့နယ်တီဘီတာဝန်ခံများ၊ မြို့နယ်တီဘီဓါတ်ခွဲတာဝန်ခံများ နှင့် မြို့နယ်တီဘီ စာရင်းထိန်းများ စုစုပေါင်း ၃၆ ဦး တက်ရောက်ခဲ့ပါသည်။

 
 

More Tags