ဧရာဝတီတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မအူပင်ခရိုင်အတွင်းရှိ Quarantine Center အား ကြည့်ရှု

ပုသိမ်၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၁၃ ရက်

     ဧရာဝတီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟအောင်သည် ယနေ့ နေ့လယ်ပိုင်းက မအူပင်တက္ကသိုလ်တွင် ဖွင့်လှစ် ထားသော Quarantine Center အား ကြည့်ရှုခဲ့ပါသည်။ ပြည်ပပြန်များထားရှိသော မအူပင်တက္ကသိုလ် Quarantine Center  နှင့် ပတ်သက်သည့် စီမံခန့်ခွဲရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများကို မအူပင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မာစိုး၊ ခရိုင်ပြည်သူ့ကျန်းမာမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆွေးနွေးခဲ့ပါသည်။

 
 

More Tags