ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိုးညှင်းမြို့နယ်သို့ ကွင်းဆင်းကြီးကြပ်ခြင်းလုပ်ငန်း ဆောင်ရွက်

မြစ်ကြီးနား၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၁၃ ရက်

     ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာနော်ရှဲ(လ်)ထာ ဦးဆောင်၍ ပြည်နယ်တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမေနယုန်၊ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာဇက်လွမ်းခေါင်တို့ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည်  မိုးညှင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနများသို့ သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၈) ရက်နေ့ မှ (၉) ရက်နေ့အထိ ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။

 

     ထိုသို့ကွင်းဆင်းကြီးကြပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မိုးညှင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ပြည်သူ့ဆေးရုံကြီး မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ မော်ဟန်ကျေးလက်ကျန်းမာရေး ဌာနနှင့် နန့်စီးအောင်ကျေးလက်ကျန်းမာရေးဌာနခွဲများသို့ သွားရောက်၍ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုအခြေအနေ၊ ငှက်ဖျားစသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါများ ရှာဖွေဖော်ထုတ်ကာကွယ်တားဆီးခြင်း လုပ်ဆောင်အခြေအနေနှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးပြီး ကြီးကြပ်လမ်းညွှန်ပေးခြင်း၊ EPI Microplan and Workplan Training တွင် ပါဝင်အားဖြည့် သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

 
 

More Tags