ဗဟန်းမြို့နယ် ငါးထပ်ကြီးတောင်ရပ်ကွက်၌ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၁၂ ရက်

     ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်ရှိ ငါးထပ်ကြီးတောင်ရပ်ကွက်တွင် အာဟာရဖွံ့ဖြိုးရေး ဒုတိယရက်သတ္တပတ် လှုပ်ရှားမှု အဖြစ် အသက် (၆)လမှ (၁၁)လအရွယ် ကလေးငယ် များအား ဗီတာမင်အေ (၁)သိန်းအား တိုက်ကျွေးခြင်း၊ အသက် (၁)နှစ်မှ (၅)နှစ်အောက်ကလေးများ ဗီတာမင် အေ (၂)သိန်းအားတိုက်ကျွေးခြင်း၊ အသက်(၂)နှစ်အထက်မှ (၅)နှစ်အောက် ကလေးငယ်များအား သန်ချဆေး(Albendazole)များ တိုက်ကျွေးခြင်း၊ ကလေး များအား ကိုယ်အလေးချိန်ပေးခြင်း၊ အာဟာရပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါသည်။ ကလေးဦးရေ စုစုပေါင်း (၁၅၀) ခန့် တိုက်ကျွေးခဲ့ပါသည်။

 
 

More Tags