ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း (ဗဟို-ရန်ကုန်ရုံးခွဲ) တို့ ပူးပေါင်း၍ Annual TB Evaluation Meeting 2019 အစည်းအဝေး ကျင်းပပြုလုပ်

ရန်ကုန်မြို့၊၂၀၂၀ ပြည့်နှစ်၊သြဂုတ်လ (၁၂) ရက်

     ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း (ဗဟို-ရန်ကုန်ရုံးခွဲ)တို့ ပူးပေါင်း၍ Annual TB Evaluation Meeting 2019 ကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် သြဂုတ်လ (၁၂) ရက်နေ့ နံနက် (၉) နာရီ၌ ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် တီဘီရောဂါသည် ရန်ကုန်တိုင်းဒေသကြီးတွင် တစ်နိုင်ငံလုံး လူနာစုစုပေါင်း၏ တစ်ဝက်ခန့်ရှိ ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း တီဘီရောဂါ ဖြစ်ပွားမှု ကိုလျော့ချနိုင်ရန် လွန်စွာအရေးကြီးကြောင်း၊ ယခင်ဒုတိယ သုံးလပတ်တွင် Covid-19 ကြောင့် တီဘီရောဂါ ရှာဖွေနှိမ်နှင်းရေးနှင့် ပတ်သက်သည့် လုပ်ငန်းများ အရှိန်အဟုန် ကျသွားရသည့်အတွက် နောင်နှစ် outcome များတွင် negative impact များဖြစ်လာနိုင်၍ ပိုမို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။


     အစည်းအဝေးသို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများက တာဝန်ရှိသူများ၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း (ဗဟို-ရန်ကုန်ရုံးခွဲ)က တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများက တာဝန်ရှိသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများက တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး လိုအပ်သည်များကို ဆန်းစစ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

 

More Tags