တောင်ကြီးမြို့တွင် Soft Skill Training to MW/PHS 2 ကျင်းပ

တောင်ကြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၁၂ ရက်

     Access to Health Fund (State Health Grant) ၏ အထောက်အပံ့ဖြင့် သားဖွားဆရာမ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) များအတွက် Soft Skill Training ကို ဩဂုတ်လ ၁၂ ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေး မှူးများ၊ သင်တန်းဆရာများနှင့် တောင်ကြီးခရိုင်မြို့နယ် (၁၀) မြို့နယ်မှ သားဖွားဆရာမနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)များ တက်ရောက်ခဲ့ပါသည်။

 

     ရှေးဦးစွာ ရှမ်းပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူလူထုနှင်ဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်းနှင့် ဖြစ်စေ စည်းရုံးဆက်သွယ်ပြောဆိုနိုင်သော အရည်အသွေး တိုးတက်လာစေရန်၊ မိမိ၏လုပ်ငန်းကို တန်ဖိုးထားဂုဏ်ယူတတ်စေရန်၊ မိမိတို့ တိုးတက်ရာတိုးတက်ကြောင်းကို နည်းလမ်းရှာဖွေ၍ တစိုက်မတ်မတ် ဆောင်ရွက်လိုသည့် အလေ့အထကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဤသင်တန်းကို ကျင်းပရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ဤသင်တန်းမှရရှိလာသော အသိပညာ ဗဟုသုတ များကို လုပ်ငန်းခွင်အတွင်း အသုံးချခြင်းဖြင့် မိမိတို့၏ ကိုယ်ပိုင်အရည်အချင်းများ တိုးတက်လာစေရန် ကြိုးစားကြစေလိုကြောင်းဖြင့် ပြောကြားပါသည်။ ထို့နောက် သင်တန်းဆရာများက သင်တန်း၏ ရည်ရွယ်ချက်များ ပြည့်မြောက်စေရန်အတွက် သင်ခန်းစာများကို စီစဉ်ထားသော ခေါင်းစဉ်များအလိုက် သင်တန်းရက်များအတွင်း သင်ကြားပေးသွားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းကို ဩဂုတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၃)ရက်တာ ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။

More Tags