ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်

ဟားခါး၊၂၀၂၀ပြည့်နှစ်၊ဩဂုတ်လ(၁၁)ရက်

     ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၁၀)ရက်နေ့မှ (၁၁)ရက်နေ့ ထိ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင် ဦးဆောင်၍ ဒေါက်တာရှာရွန်ပါရ် လက်ထောက်ညွှန်ကြားရေးမှူး (မိခင်ကလေး၊ ကျောင်းကျန်းမာ၊အာဟာရ)၊ ဒေါက်တာဒေါ့လှေဇိန် လက်ထောက်ညွှန်ကြားရေးမှူး (သတင်း အချက်အလက်)၊ ဒေါက်တာယမင်းကျော်သူ လက်ထောက်ညွှန်ကြားရေးမှူး (တီဘီ/အနာကြီး)၊ ဒေါ်အေးပါရ် မြို့နယ်ကျန်းမာရေးမှူး၊ ဒေါ်ခေါမွေငူးရီ ဦးစီးအရာရှိ(သူနာပြု)၊ ဦးဘွေဖာလိန်း အာဟာရကျွမ်းကျင်တို့မှ EPI လုပ်ငန်း၊ မိခင်နှင့်မျိုးဆက်ပွား ကျန်းမာရေးလုပ်ငန်းများ၊ HMIS လုပ်ငန်းများ၊ တီဘီ/အနာကြီး ရောဂါဆိုင်ရာလုပ်ငန်းများ၊ HIV လုပ်ငန်း၊ ကလေးကျန်းမာရေး လုပ်ငန်း၊ NCD လုပ်ငန်းများ၊ ငှက်ဖျားကာကွယ်ရေးလုပ်ငန်းများ၊ အာဟာရဆိုင်ရာ လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် ကြက်ခြံကျေးလက် ကျန်းမာရေးဌာနခွဲသို့ သွားရောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို စစ်ဆေးခဲ့ကြပါသည်။

 

 

More Tags